တရုတ် ဘဏ်မှာ ယူကေ ပါဝင်ဖို့ အမေရိကန် စိုးရိမ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption AIIB ဘဏ် သဘောတူညီချက်ကို အောက်တိုဘာလက တရုတ် အပါအဝင် ၂၁ နိုင်ငံ လက်မှတ် ထိုးခဲ့

တရုတ် နိုင်ငံက ကျောထောက် နောက်ခံ ထားပြီး ကမ္ဘာ့ဘဏ်နဲ့ အပြိုင် ဖြစ်လာဖွယ် ရှိတဲ့ AIIB ဘဏ်ရဲ့ ထူထောင်သူ အဖွဲ့ဝင် တစ်ဦး ဖြစ်လာဖို့ ဗြိတိန်ရဲ့ ဆောင်ရွက်မှုကို အမေရိကန်က စိုးရိမ်ကြောင်း ပြောဆို ခဲ့ပါတယ်။

ယူကေ နိုင်ငံဟာ 'အာရှ အခြေခံ အဆောက်အအုံ ရင်းနှီး မြှုပ်နှံမှု ဘဏ်'(AIIB) ရဲ့ အဖွဲ့ဝင် ဖြစ်လာဖို့ လျှောက်ထားမယ့် ပထမဆုံး အနောက် အုပ်စုဝင် စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်ပါတယ်။

AIIB ဘဏ်ဟာ အာရှ ဒေသက စွမ်းအင်၊ သယ်ယူ ပို့ဆောင်ရေးနဲ့ အခြေခံ အဆောက်အအုံ ဆိုင်ရာ ပရောဂျက်တွေ အတွက် ငွေကြေး ထောက်ပံ့မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမေရိကန် ကတော့ ဒီဘဏ်သစ်ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့ အညီ ဆောင်ရွက် နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ထုတ်ခဲ့ ပါတယ်။

တရုတ် နိုင်ငံကတော့ အမေရိကန်ရဲ့ စိုးရိမ် ပူပန်မှုကို ပယ်ချ လိုက်ပြီး၊ အမေရိကန်ဟာ တရုတ် နိုင်ငံနဲ့ ပတ်သက်ရင် ကလေး ဆန်တဲ့ သံသယ လွန်မှုတွေ ထားတုန်း ဖြစ်တယ်လို့လည်း ဆင်ဟွာ သတင်း ဌာနက စွပ်စွဲ လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ